အိပ်ရေးပျက်တဲ့ကြားက အိပ်မပျော်မှာစိုးလို့ စာအုပ်ကိုဘေးချ အနည်းဆုံး ၃ ရွက် သေချာအောင် ဖတ်ပြီးခါမှ အတင်းအိပ်ပစ်ခဲ့တာ။ ကဲ ... နိုးပြီ။ နိုးနိုးခြင်းမှတ်မိတဲ့ အိပ်မက်က အလွမ်းမဟုတ်ဘူး အချစ်မဟုတ်ဘူး။ စိတ်ချမ်းသာစရာတော့ ကောင်းရဲ့၊ ဘဝ က အကြိမ်ကြိမ်မှားခွင့်ပေးထားသတဲ့။ အိုကေ လေ။ အမှားတွေကို အကြိမ်ကြိမ် ခွင့်လွှတ်ပေးထားတဲ့ ပါတ်ဝန်းကျင်ကို ကျေးဇူးတွေတင်ရင်း မမြင်တာ မဟုတ်ဘူး၊ မသိတာ မဟုတ်ဘူး၊ အခွင့်ထူး ပေးထားတာမဟုတ်ဘူး။ အန္တရာယ် သိပ်မများသေးချိန် အလိုလို ပြင်ပါတော့လို့ အချိန်ခဏ ဆွဲပေးထားတာ။ ကျေးဇူး။ လူတွေမှာ ကျား၊မ၊ကြီး၊ငယ် ကလွဲလို့ သိပ်မကွဲပါဘူးလို့ ငယ်ငယ်က ရှိခဲ့ဖူးတဲ့ ပိုးဖလံစိတ်ဟာ လိပ်ပြာဖြစ်လာချိန် ပန်းဆိုတာ နီမှ ပြာမှ လှမှ မွှေးမှမဟုတ်ဘူးလို့ သိလာခဲ့တယ်။ အဲဒီတော့ စာပုံသေကျက်ပြီး ကြီးလာခဲ့တဲ့မင်း ပြဿနာတွေ့တိုင်း သီအိုရီထုတ်သုံးချင်တာကို ငါ နားလည်တယ်။ တကယ်တော့ လူပီသဖို့ negotiation ကို စိတ်ရှည်ရမယ်လို့ ငါလည်း လိပ်ပတ်လည်တာ မကြာသေးဘူးရယ်။ သြော် ... ဟုတ်ပါရဲ့။ ဘေးနားက ရစ်ဝဲနေတဲ့ အလင်းပွင့်တွေ တစ်ပွင့်ကိုမှ ဖမ်းဆုပ် မလှုံနိုင်ရင် ဒါဟာ လေ့ကျင်